Download Apk

ကျပ်သိန်း(၇၀၀)နီးပါး တန်းဖိုးရှိ စိန်နှင့်ရွှေထည်ပစ္စည်းများအား ပိုင်ရှင်ထံပြန်လည်ပေးအပ်

ကျပ်သိန်း(၇၀၀)နီးပါး တန်းဖိုးရှိ စိန်နှင့်ရွှေထည်ပစ္စည်းများအား ပိုင်ရှင်ထံပြန်လည်ပေးအပ်

======================
မန္တလေးတိုင်းဒေသကြီးကနေ အလည်လာတဲ့ ခရီးသွားတစ်ဦး မေ့ကျန်ခဲ့တဲ့ ကျပ်သိန်း(၇၀၀)နီးပါးတန်းဖိုးရှိ စိန်နဲ့ရွှေထည်ပစ္စည်းတွေကို လက်ဖက်ရည်ဆိုင်ပိုင်ရှင်က သိမ်းဆည်းထားပြီး ပိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့တယ် လို့သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ကန်ကော်ခရိုင်၊ ယောမြို့နယ် စကားရွာရှိ 3 Star လက်ဖက်ရည်ဆိုင်မှာ အဲဒီပစ္စည်းတွေပါတဲ့ လက်ဆွဲအိတ်ကို မေ့ကျန်ခဲ့တာဖြစ်ပါတယ်။ အဲဒီလက်ဆွဲအိတ်ထဲမှာ မှတ်ပုံတင်၊ စိန်၊ ရွှေဆွဲကြိုး၊ လက်ကောက်၊ ဆံထိုးနဲ့ ငွေသား စုစုပေါင်းကျပ် သိန်း(၇၀၀)နီးပါး ပါရှိခဲ့ပါတယ်။ အလှူကို သွားဖို့ ရွှေထည်ပစ္စည်းတွေ ယူလာတာဖြစ်ပြီး မေ့ကျန်ခဲ့တဲ့ပစ္စည်းတွေကို ရိုးသားစွာ ပြန်လည်ပေးအပ်တဲ့ မိသားစုကို ဂုဏ်ပြုပါတယ်လို့ ပစ္စည်းပိုင်ရှင် ဦးအောင်အောင်က ပြောပါတယ်။
အဲဒီလက်ဖက်ရည်ဆိုင်မှာ ပစ္စည်းကျန်ခဲ့တာဟာ ဇန်န၀ါရီလ တတိယအပတ်ကဖြစ်ပြီး နောက်တစ်နေ့မှာဘဲ ပစ္စည်းတွေကို ပြန်လည် ပေးအပ်ခဲ့တာလို့ သိရပါတယ်။ အခုလို ကျပ်သိန်း(၇၀၀)နီးပါးတန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဆိုတာ ပိုင်ရှင်အနေနဲ့ နှမြောမိမှာ ဖြစ်သလို ကျန်ခဲ့တဲ့ ပစ္စည်းအပေါ် လိုချင်စိတ်မရှိတဲ့အတွက် ပိုင်ရှင်အလာကို စောင့်မျှော်ပေးခဲ့တာလို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကြည်ရွှင်က ပြောပါတယ်။
အဲဒီလက်ဖက်ရည်ဆိုင်ဟာ ပုသိမ်-မုံရွာ-ယာကြီး-ကလေး-အလောင်းတော်ကဿပ ဘုရားဖူးလမ်း၊ ချင်းတွင်း တံတား အနောက်ဘက် ရွှေတောင်ဦး ဘုရားအနီးမှာ တည်ရှိတာဖြစ်ပါတယ်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဟာ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ၀န်ထမ်းအဖြစ် (၂၀၁၅)ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က ချိုလွင်ဦးပေးပို့တာဖြစ်ပါတယ်။

Central News Bureau
Via.Lwin Oo


Hlaing Min Zaw ၏ ဓာတ်ပုံ
Hlaing Min Zaw ၏ ဓာတ်ပုံ


Post a Comment

0 Comments

စိုးမိုးအောင် ( ညောင်လေးပင်) မှ ၀ါ သ နာ အ ရ လေ့ လာ ရေး သား ပါ သည် သင်ဆရာ - မြင်ဆရာ- ကြားဆရာ များ အားလုံးကို ဦး ထိပ် ထား လျှက် ဂါ ရ ဝ ပြု ပါ သည် .........................................................................................................