Download Apk

အီရန်လေယာဉ်ပျက်ကိုတွေ့ပြီ၊ လေယာဉ်ပေါ်ပါသူအားလုံးသေဆုံးကြောင်း တရားဝင်ကြေညာ


အီရန်လေယာဉ်ပျက်ကိုတွေ့ပြီ၊ လေယာဉ်ပေါ်ပါသူအားလုံးသေဆုံးကြောင်း တရားဝင်ကြေညာ
တဟီရန်၊ ဖေဖေါ်ဝါရီ ၁၉
ယမန်နေ့က လေယာဉ်ပျက်ကျသည့်နေရာကို ကယ်ဆယ်ရေးအဖွဲ့များက တွေရှိပြီဖြစ်ပြီး၊ ပျက်ကျလေယာဉ်ပေါ်တွင် ပါဝင်သူ ၆၅ ဦးစလုံး သေဆုံးကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားလိုက်ပြီဖြစ်သည်။
ယင်းလေယာဉ်မှာ အီရန်နိုင်ငံရှိ Aseman လေကြောင်းပိုင် ATR-72 အမျိုးအစား ခရီးသည်တင်လေယာဉ်ဖြစ်ပြီး၊ ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်ကာ ရာသီဥတုဆိုးရွားသဖြင့် အီရန်နိုင်ငံတောင်ထူထပ်သော ဒေသတွင် ယမန်နေ့ကပျက်ကျခဲ့ခြင်းဖြစ်သည်။
အင်ဂျင် နှစ်လုံးတပ် ATR-72 လေယာဉ်ပေါ်တွင် ခရီးသည် ၅၉ဦးနှင့် လေယာဉ်အမှုထမ်း ၆ဦးပါဝင်သွားပြီး အီရန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Yasuj မြို့သို့ ပျံသန်းသည့်ခရီးစဉ်ဖြစ်ကြောင်းသိရသည်။
PN002
ref: Iranian Rescue Teams Find Site, Wreckage From Plane Crash
#Popular
Image may contain: sky, outdoor and nature

လည်ပတ်ရန်{ ​ဒီ​မှာ } ​သွား​လိုက်​ပါ

Post a Comment

0 Comments

စိုးမိုးအောင် ( ညောင်လေးပင်) မှ ၀ါ သ နာ အ ရ လေ့ လာ ရေး သား ပါ သည် သင်ဆရာ - မြင်ဆရာ- ကြားဆရာ များ အားလုံးကို ဦး ထိပ် ထား လျှက် ဂါ ရ ဝ ပြု ပါ သည် .........................................................................................................