🍁မီးမှိတ်ခရာ 🍁
📣📣📣📣📣
ဒီနေ့က တပ်သား မောင်ဇော်၏ မင်္ဂလာဦးည ဖြစ်သည်။
တစ်သက်နဲ့တစ်ကိုယ် ဒီဘဝ ဒီမျှပဲဟု အားလုံးက
တွက်ဆထားခဲ့ကြသော ဂေါ်မစွံလူပျိုရဲဘော်ကြီး
တစ်ယောက်၏မင်္ဂလာပွဲမို့ အားလုံးက ဝိုင်းကာ
ဝန်းကာနဲ့ ပြီးသွားကြလေသည်။
တပ်ဓလေ့ဆိုတော့ တပ်ခွဲက ရဲဘော် ရဲမေတွေအားလုံး
ဝိုင်းဝန်းပြီး စီစဉ်ကြပေးကြတာနဲ့တင်
မောင်ဇော်တစ်ယောက် ဘာမှကို လုပ်စရာမလို
။မင်္ဂလာဆောင်အခမ်းအနားက ထင်ထားသည်ထက်ကို
ပိုပြီး စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားရသည်။
သို့သော် … ။
လောကကြီးမှာ ခက်မည်ထင်သောအရာတို့က
မထင်မှတ်ဘဲ လွယ်သွားလေ့ရှိပြီး ၊ လွယ်မည်ထင်သောအရာတို့က မထင်မှတ်ဘဲ ခက်နေရလ့ရှိတတ်သည်။
ဒါ့ကြောင့်လည်း ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဟူသော
စကားပုံ ပေါ်လာရခြင်း ဖြစ်ပေလိမ့်မည် ။
အခုလဲ မောင်ဇော်တစ်ယောက် ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေသည်။အကြောင်းက မိန်းမအသစ်စက်စက်လေးကို အတူအိပ်ရာဝင်ဖို့ ဘယ်လိုမှ စည်းရုံးလို့
မရဘဲ ဖြစ်နေခြင်းပင် ။
ချော့လဲ မရ ၊ ချောက်ဖို့ကလဲ ခက် နှင့်
မောင်ဇော်တစ်ယောက် တိုင်ပါတ်နေရလေသည်။
''ဟူး … ''
နှစ်ယောက်သား လိုင်းခန်းရှေ့ဝရံတာမှာပဲ ဒီညကို မိုးလင်းရတော့မည် ထင်ပါရဲ့လေ … ။
အတွေးနှင့် သက်ပြင်းတစ်ချက် ချလိုက်မိချိန် ဗဟိုကင်းက လိုင်းဒေါင်းခရာမှုတ်သံကို ကြားလိုက်ရသည် ။
သြော် … ည ကိုးနာရီတောင် ခွဲပါပေါ့ … ။
''အစ်ကို … အဲဒါ ဘာခရာလဲဟင် ''
ဇနီးအသစ်စက်စက်လေး၏ အမေးကို ဖြေဖို့ ပါးစပ်ပြင်ပြီးမှ မောင်ဇော်တစ်ယောက် ပါးစပ်ကို ကမန်းကတမ်း
ပြန်ပိတ်လိုက်ရသည်။
မမျှော်လင့်ဘဲ ခက်သည်ကို လွယ်စေမည့် အကြောင်းအရာတစ်ခုတော့ဖြင့် ပေါ်လာလေပြီတကား ။
''အဲဒါ ဒချိခရာလို့ ခေါ်တယ် မိန်းမရဲ့ ''
''ဟင် … ဘာရီးလဲ ဒချိခရာ ''
ဒီပန်းကိုထိုးစေချင်လို့ ဒီအိုးလေးကို အနားတိုးခဲ့သည်ပဲ ။
ချခင်းထားသော အကွက်ထဲ ဝင်လာသဖြင့်
မောင်ဇော်တစ်ယောက် ကြိတ်ပြုံးလိုက်သည် ။
''ဒချိတယ်ဆိုတာ ဟိုဟာလေ ''
အနားကပ်ပြီး တိုးတိုးလေးရှင်းပြလိုက်သော
စကားတွေကြောင့် တောသူအရိုင်းအစိုင်းမလေး
တစ်ယောက် မျက်နှာပြင်မှာ ရှက်သွေးတွေ ဖြာခနဲ ဖြတ်ပြေးသွားကြ၏ ။
''အို … အစ်ကိုကလဲ
အဲလိုလုပ်ရတာဟုတ်လို့လား ''
''သြော် … မိန်းမကလဲ ဟုတ်ပါတယ်ဆိုမှကွာ
အဲဒီခရာက ညတိုင်း မှုတ်ပြီး အချက်ပေးနေကြ
အဲဒီခရာသံကြားရင် လူပျိုတွေလဲ မီးမှိတ်ပြီး အိပ်ရာဝင်ရတာ
အိမ်ထောင်သည်တွေလဲ မီးမှိတ်ပြီး အိပ်ရာဝင် ဒချိရတာ
အဲလိုမှမဟုတ်ဘဲ ဒီအတိုင်း ထိုင်နေရင် တာဝန်မှူးက
အချုပ်ထဲ ထည့်တာ ။မိန်းမကတော့ ဘာမှမဖြစ်ပါဘူး
။ယောကျာ်းကတော့ ဒီည အချုပ်ထဲသွားအိပ်ရတော့မယ်
ထင်ပါတယ် ''
လေသံဖျော့ဖျော့လေးနှင့်ပြောလိုက်သော
မောင်ဇော့်စကားကြာင့် ဇနီးဖြစ်သူ စိတ်မကောင်းဖြစ်သွားဟန်တူသည် ။အိမ်ထောင်ကျခါစ မင်္ဂလာဦးညမှာ
မိမိယောကျာ်းအချုပ်ထဲ သွားအိပ်ရမည့်အဖြစ်ကို
အဘယ်သူသည် ဖြစ်စေချင်ပါ့အံ့နည်း ။
''အဲဒါဆိုလဲ အစ်ကိုရယ် … ကဲ လာပါ အိပ်ရာဝင်ကြပါစို့ ''
''ဟင် … ဂယ် ''
ကြားလိုက်ရသောစကားကြောင့် မောင်ဇော်တစ်ယောက် သိန်းထီပေါက်သည်ထက်ပင် ပိုပျော်သွားရလေသည် ။
''တကယ်ပေါ့ ယောကျာ်းရယ် ''
''အဟေး … အဲလိုလုပ်စမ်းပါ မိန်းမရယ်
ရဲမေပီသစွာ လိုင်းစည်းကမ်းကို လိုက်နာဖို့ ကြိုးစားစမ်းပါ အဟဲ ဟဲ
ကဲ … ကဲ … အိပ်ရာဝင်ရအောင် ဟဲ ဟဲ ဟဲ ''
*******************
(၂)
နောက်တစ်နေ့မိုးလင်းတော့ မောင်ဇော်တစ်ယောက် ဗဟိုကင်းမှ စစ်ခရာသမားကို ကန်တင်းန်မှာ
လက်ဖက်ရည်တိုက်ပြီး ၊ မုန့်ပါကျွေးလေ၏။
''ကိုမောင်ဇော်ကြီး တစ်ခါမှ ဒါမျိုးသဘောမကောင်းဖူးဘူး
အကြောင်းတစ်ခုခုတော့ ရှိမယ်ထင်တယ်ဗျ ''
စစ်ခရာသမား၏ အမေးကြောင့် မောင်ဇော်တစ်ယောက်
ကြိတ်ပြုံးလိုက်သည်။
''ဒါပေါ့ကွာ … လောကကြီးမှာ ဘယ်အရာမှတော့
အလကားရပါ့မလဲ
အပေးအယူသဘောတရားလေးတော့ ရှိတာပေါ့ကွာ … ''
''အင်း … လုပ်စမ်းပါဦးဗျ
ကျွန်တော်က ဘာပြန်ကူညီရမှာလဲ ''
မောင်ဇော် ပြုံးလိုက်သည်။ပြီးမှ …
''အခြားတော့ မဟုတ်ပါဘူးကွာ
ဒီနေ့က စပြီး လိုင်းဒေါင်းခရာမှုတ်ရင် အိမ်ထောင်သည်လိုင်းကနေ အကျယ်ကြီးကြားအောင်သာ မှုတ်ပေးစမ်းပါကွာ ဟဲ ဟဲ ဟဲ ''
ထိုနေ့မှအစပြု၍ မောင်ဇော်တစ်ယောက် ခရာသံတစ်ခု အကြောင်းပြု၍ အဆင်ပြေနေတော့လေသည် ။
သို့သော် … … ။
ဘဝဆိုတာမျိုးက အမြဲတမ်းအဆင်ပြေရိုး ထုံးစံမှ မရှိပေပဲ …။
တစ်ရက်တော့ တပ်စစ်ရှိသည်ဆိုသဖြင့် တပ်သန့်ရှင်းသာယာလှပရေးအတွက် တစ်နေကုန်
လူမှုဝန်ထမ်းလုပ်ကြရသည်။
လိုင်းခန်းကို ပြန်ရောက်လာတော့ ညတောင်
အတော်မှောင်နေလေပြီ ။
မောင်ဇော်တစ်ယောက် ပင်ပန်းလွန်းသဖြင့်
အနားယူချင်လှလေပြီ ။
ထမင်းမစား ရေမချိုးနိုင်ဘဲ လိုင်းခန်းကိုရောက် ရောက်ချင်း ဘုရားစင်ရှေ့က ပိုက်ဖျာလေးပေါ်မှာ မှောက်ရက်လေး
အနားယူနေတုန်း … ။
ဗြုန်းဆို ဗဟိုကင်းက စစ်ခရာသံကြားလိုက်ရတော့သည်။
ပြီး… ထပ်ကြားလိုက်ရသည်က ဇနီးဖြစ်သူ၏ ခြေသံအချို့ … ။
''အစ်ကို ခရာမှုတ်နေပြီလေ …
လာ လာ … အိပ်ရာဝင်ကြစို့ ''
မောင်ဇော်တစ်ယောက် ဇနီးဖြစ်သူကို မျက်လုံးလေး
ပေကလပ် ပေကလပ်နှင့် ကြည့်လိုက်လေသည် ။
ပြီး အားနည်းဖျော့တော့သောဟန်နှင့် စကားတစ်ခွန်းကို
လေသံသဲ့သဲ့လေးဖြင့် တစ်လုံးချင်း
ပြောချလိုက်လေတော့၏။
-------
-------
------------
''ရတယ်… မိန်းမ ရတယ်
ဒီည ဘာမှ မဘာလဲ ရတယ်
ငါ RSM ကြီးကိုပြောလာခဲ့တယ် '' ဟူသတတ် 😛 ။ ။
(ဟာသအနေနဲ့ပဲ ဖတ်ရှုပေးပါ )
Zayya Kyaw Htin
လာရောက်အားပေးမှုကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
Download
0 Comments